...

တိုကျိုစတား

တိုကျိုစတားမြေသြဇာသည် ၁၀ နှစ်ကျော် သုတေသနပြုလုပ်ထားပြီး မြန်မာ့မြေအမျိုးအစားနှင့် ကိုက်ညီစွာထုတ်လုပ်ထားသည့် အရည်အသွေးမြင့် မြေသြဇာဖြစ်၍ အပင်များအတွက် လိုအပ်သော အာဟာရများကို ကွန်ပေါင်းရောစပ်ထားသည့် နည်းပညာဖြင့် ထုတ်လုပ်ထားပါသည်။

မြေဆီလွှာကောင်းမွန်ဖိုသည် အဓိကအချက်ဖြစ်သောကြောင့် အရည်သွေးကောင်းမွန်သည့် ကုန်ကြမ်းများကိုသာအသုံးပြုပြီး (အဓိကဓာတ်စာ + အရန်ဓာတ်စာ + ဖြည့်စွက်ဓာတ်စာ) များအပြည့်အဝပါဝင်သည့် နည်းပညာကြောင့် အပင်မျိုးစိတ်တိုင်းအတွက် ကြမ်းခံကျန်းမာသန်စွမ်းစေပြီး မြေဆီလွှာဖွဲစည်းပုံကို တိုးတက်ကောင်းမွန်လာစေကာ ရောဂါကင်းရှင်ေးသာ မြေဆီလွှာအဖြစ်သို ရောက်ရှိစေပါသည်။

အပင်များမှ အသင့်စားသုံးနိုင်သော ဓာတ်စာအဖြစ် ၁၀၀% အဆင့်ရရှိအောင် မြင့်တင်ခြင်းများ ပြုလုပ်သော ပုံသေနည်းဖြင့် ထုတ်လုပ်ထားပြီး အခြားမြေသြဇာများကဲ့သို ဓာတ်ပျက်ပြယ်ခြင်း မမြန်ဆန်စေရန်အတွက် နည်းပညာများအသုံးပြုထားပါသည်။

သီးနှံပင်အထွက်တိုးမှုအတွက် အဘက်ဘက်မှမှ ကူညီပေးခြင်းဖြင့် သီးနှံအထွက်နှုန်းကို တိုးတက်စေပါသည်။ ထိုအပြင် အမြစ်ကြီးထွားမှုနှင့် အမြစ်ပွှားများမှုကောင်း ၍ အပင်များလျင်မြန်စွာ ဖြစ်ထွန်းစေခြင်း၊ ရောဂါပိုးမွှားများ၏ ဒဏ်မှကာကွယ်ပေးနိုင်ပြီး သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်စေခြင်း၊ အသီးအပွင့်များကို အားပေးသော ဓာတ်များပါဝင်သဖြင့် သီးပွင့်မှု အားကောင်းစေပါသည်။ တိုကျိုစတား အမှတ်တံဆိပ် (10 : 4 : 4: 40 : 5) အရည်အသွေးမြင့် သြဂဲနစ်အခြေခံ အာဟာရစုံကွန်ပေါင်းမြေသြဇာသည် NPK မြင့်နှုန်း ၁၈% ပါဝင်ပြီး စိုက်ပျိုးပင်အမျိုးမျိုးတွက် အလွန်အသုံးဝင်သော ဓာတ်စာဖြစ်သဖြင့် အပင်၏လိုအပ်မှုအမျိုးမျိုးကို ပေးစွမ်းနိုင်ပါသည်။

 Organic Matter 40% ပါဝင်သည့် တိုကျိုစတားမြေသြဇာသည် သြဂဲနစ် ထုတ်ကုန်များထဲတွင် အာဟာရဓာတ် ပါဝင်မှုနှုန်း အချိုးအစားအမြင့်မားဆုံး ဖြစ် ပါသည်။ တိုကျိုစတား မြေသြဇာများတွင် Organic Matter ပါဝင်မှုများပြားခြင်း ကြောင့် ပိုမိုကောင်းမွန်သော သီးနှံများ ရိတ်သိမ်းမှုအတွက် အကောင်းဆုံးကူညီပေး နိုင်ပါသည်။   ရေဓာတ်များကို ပိုမိုထိန်း ပေးနိုင်ခြင်း၊ မြေတွင်းဇီဝကမ္မ ဖြစ်စဉ်များ (Soil Structure)၊ အဏုဇီဝ ပိုးများကို ရှင်သန်စေခြင်းများကြောင့်ပိုမို ကျန်းမာ သန်စွမ်းတဲ့မြေဆီလွှာကိုရရှိစေနိုင်ပါတယ်။ 

  တောင်သူဦးကြီးများ စိုက်ပျိုးထားတဲ့ မြေဆီလွှာရှိ အာဟာရဓာတ်များကို တိုး မြင့်အောင်ဆောင်ရွက်ပေးနိုင်ပါတယ်။ သီးနှံပင်များအနေနဲ့ လိုအပ်သောအာဟာ ရဓာတ်များကို လွယ်ကူစွာစုပ်ယူနိုင်ရန် တိုကျိုစတား မြေသြဇာမှကူညီနိုင်ပါသည်။ သီးနှံမျိုးစုံအား မြေဆီလွှာအမျိုးအစား အစုံအလင်ကို ရာသီဥတုမရွေး အသုံးပြု နိုင်ပါသည်။ စိုက်ပျိုးရေးဖြစ်စဉ်များ တွင် တမူထူးခြားစွာကောင်းမွန်သည့် အထောက် အပံ့များကို တိုကျိုစတားမှပေးစွမ်းနိုင်ပါ သည်။

လက်လီဈေးနှုန်း
34000 Ks
ကိုယ်စားလှယ်ဈေးနှုန်း
32000 Ks

Retail Payment

အရေအတွက် % ဈေးနှုန်း အရင်းငွေ အမြတ်ငွေ
10 3% 31040 310400 9600
30 7% 29760 892800 67200
50 10% 28800 1440000 160000